Dataset Viewer
Auto-converted to Parquet Duplicate
title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ဗဟိုစာမျက်နှာ
<h1>ဝီကီပီးဒီးယားက ကြိုဆိုပါသည်။<h1> မည်သူမဆို ကြည့်ရှုပြင်ဆင်နိုင်သော အခမဲ့လွတ်လပ်စွယ်စုံကျမ်း ဖြစ်ပါသည်။ အကြောင်းအရာပေါင်း ခုကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။ အထူးအကြောင်းအရာ သတင်းများ ယနေ့ အထူးဓာတ်ပုံ ဝီကီပီးဒီးယားအကြောင်း ဝီကီပီးဒီးယားသည် သုံးစွဲသူများက ပူးပေါင်း၍ ရေးသားတည်းဖြတ်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ဝီကီဟု ခေါ်သော ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြု၍ ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်း ဖြစ်ပါသည်။ သုံးစွဲသူများမှ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်နေကြပါသည်။ မြန်မာဝီကီပီးဒီးယားတွင် ယူနီကုဒ် ၅.၂ စံနှုန်းကို လိုက်နာသော မည်သည့်ဖောင့်အမျိုးအစား နှင့်မဆို ဖတ်ရှုခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အကူအညီ ကဏ္ဍအညွှန်း ဝီကီပီးဒီးယား၏ ညီအစ်မ ပရောဂျက်များ ဝီကီပီးဒီးယား ဘာသာစကားများ
https://my.wikipedia.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
အီလက်ထရွန်းနစ်
အီလက်ထရွန်းနစ်ဆိုသည်မှာ အီလက်ထရွန်များ အခြေခံကျသော နေရာမှ ပါဝင်သည့် လျှပ်စစ် စွမ်းအင် ကို မည်သို့ ထိန်းချုပ်ရမည် ဆိုသည်ကို လေ့လာသော သိပ္ပံပညာရပ် တစ်မျိုး ဖြစ်သည်။ အီလက်ထရွန်းနစ် သည် လျှပ်စစ်ပတ်လမ်းများနှင့် ၎င်းတို့ အချင်းချင်း မည်သို့ ဆက်သွယ်လုပ်ကိုင်သည် ဆိုသော နည်းပညာများကို လေ့လာသည့် ပညာ ဖြစ်သည်။ ထိုလျှပ်စစ်ပတ်လမ်းများတွင် အစွမ်းကြွ လျှပ်စစ် အစိတ်အပိုင်းများဖြစ်သော လေဟာပြွန်များ၊ ထရန်စစ်စတာများ၊ ဒိုင်အုတ်များနှင့် အိုင်စီပတ်လမ်း များ အပြင် ၎င်းတို့နှင့် ဆက်စပ်နေသော ပြုမဲ့ လျှပ်စစ် အစိတ်အပိုင်းများနှင့် ပါဝင်သည်။ ပုံမှန်အာဖြင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် တပိုင်းလျှပ်ကူးပစ္စည်းများ အခြေခံ အားဖြင့် ပါဝင်ပြီး သို့မဟုတ် တပိုင်းလျှပ်ကူးပစ္စည်းများသာ ပါဝင်ပြီး ပြုမဲ့ ပစ္စည်းများမှ ထောက်ပံပေးထားသည်။ ထိုသို့သော ပတ်လမ်းမျိုးကို အီလက်ထရွန်းနစ် ဆားကစ် ပတ်လမ်း ဟု ခေါ်ကြသည်။ မျဉ်းဖြောင့်မဟုတ်သော လုပ်ဆောင်ပုံ ရှိသည့် အစွမ်းကြွ အစိတ်အပိုင်းနှင့် ၎င်းတို့၏ အီလက်ထရွန်ရွေ့လျားမှုကို ထိန်းချုပ်နိုင်သော စွမ်းအားကြောင့် အားနည်းသော လွှင့်လှိုင်းများကို ချဲ့ခြင်း ပြုလုပ်နိုင်ပြီး အီလက်ထရွန်းနစ်ကို သတင်းအချက်အလက် ဆင့်တက် ပြုပြင်ခြင်းတွင် လည်းကောင်း၊ ကြေးနန်းဆက်သွယ်ရေး တွင် လည်းကောင်း၊ လွှင့်လှိုင်း ဆင့်တက်ပြုပြင်ခြင်းတွင် လည်းကောင်း အသုံးပြုကြသည်။ အီလက်ထရွန်းနစ် ကိရိယာများသည် ခလုပ်များ အဖြစ် လုပ်ဆောင်နိုင်သည့်အတွက် ဒီဂျစ်တယ်နည်းဖြင့် သတင်းအချက်အလက်များ ဆင့်တက်ပြုပြင်ခြင်းကို လုပ်ဆောင်နိုင်သည်။ ကြားဆက် နည်းပညာများဖြစ်ကြသော ဆားကစ်ပြားများ၊ အီလက်ထရွန်းနစ် ထုတ်ပိုးမှု နည်းပညာများ နှင့် အခြားသော မတူကွဲပြားသော ပုံစံများရှိသည့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများက ဆားကစ်၏ လုပ်ဆောင်မှုများကို အပြည့်အဝ ဖြစ်စေပြီး ရောနှောနေသော ကိရိယာများကို ပုံမှန် အလုပ်လုပ်သည့် စနစ်တစ်ခု အဖြစ်သို့ ပြောင်းလဲပေးသည်။ အီလက်ထရွန်းနစ်သည် လျှပ်စစ် နှင့် လျှပ်စစ်စက်မှု သိပ္ပံနှင့် နည်းပညာတို့မှမတူ ကွဲပြားခြားနားပြီး ထိုပညာရပ်များမှာ လျှပ်စစ် ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်ခြင်း နှင့် လျှပ်စစ် စွမ်းအင်ကို အခြားပုံစံရှိသော စွမ်းအပ်များမှ ဓာတ်ကြိုးများကို အသုံးပြု၍ ပြောင်းလဲခြင်း၊ မော်တာ၊ ဂျင်နရေတာ၊ ဘက်ထရီ၊ မီးခလုပ်၊ ရီလေး၊ ထရန်စဖော်မာ၊ လျှပ်ခံ နှင့် အခြားသော ပြုမဲ့ လျှပ်စစ် ပစ္စည်းများ အကြောင်းကို လေ့လာသော ပညာရပ်ဖြစ်သည်။ ထိုသို့ ကွဲပြားခြားနားမှုများသည် ၁၉၀၆ ခုနှစ် လီးဒီဖောရက်စ်မှ ထရိုင်အုတ်ကို တီထွင်ခဲ့ရာမှ စတင်ခဲ့ပြီး ထိုကိရိယာမှ စက်မှုပစ္စည်းမဟုတ်သော ကိရိယာဖြင့် အားနည်းသော ရေဒီယို နှင့် အသံ လွှင့်လှိုင်းများကို ချဲ့ခြင်း ပြုလုပ်နိုင်ခဲ့သည်။ ၁၉၅၀ ခုနှစ်အထိ ထိုဘာသာရပ်နယ်ပယ်ကို ရေဒီယိုနည်းပညာဟု ခေါ်ဆိုခဲ့ကြပြီး အကြောင်းမှာ ၎င်း၏ အဓိက အသုံးချမှုမှာ ရေဒီယို ထုတ်လွှင့်စက်များ၊ ဖမ်းယူစက်များနှင့် လေဟာပြွန်များကို ဒီဇိုင်းထုတ်ခြင်း နှင့် သီအိုရီများသာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ယနေ့ခေတ်တွင် အီလက်ထရွန်းနစ် ကိရိယာ အများစုမှာ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကို အသုံးပြု၍ အီလက်ထရွန်များကို ထိန်းချုပ်ကြသည်။ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကို လေ့လာသောပညာ နှင့် ဆက်စပ်နေသော နည်းပညာများကို စိုင်ခဲရုပ်ခြေ ရူပဗေဒပညာ၏ ဘာသာရပ်ခွဲများအဖြစ် မှတ်ယူကြပြီး အီလက်ထရွန်းနစ် ပတ်လမ်းများကို ဒီဇိုင်းပြုလုပ်ခြင်း နှင့် တည်ဆောက်ခြင်းဖြင့် လက်တွေ့ ပြဿနာများကို ဖြေရှင်းခြင်းတို့မှာ အီလက်ထရွန်းနစ် နည်းပညာ အောက်တွင် အကျုံးဝင်သည်။ ဤဆောင်းပါးသည် အီလက်ထရွန်းနစ် အား အင်ဂျင်နီယာ ဘာသာရပ် အမြင်မှ ရှုမြင်ထားခြင်း ဖြစ်သည်။ အီလက်ထရွန်းနစ်၏ ဘာသာရပ်ခွဲများ အီလက်ထရွန်းနစ်တွင် အောက်ပါ ဘာသာရပ်ခွဲများ ရှိသည်။ ဒီဂျစ်တယ် အီလက်ထရွန်းနစ် အင်နာလော့ အီလက်ထရွန်းနစ် မိုက်ခရို အီလက်ထရွန်းနစ် ပတ်လမ်းများ ဒီဇိုင်းပြုလုပ်ခြင်း အိုင်စီပတ်လမ်း အော့ပတို အီလက်ထရွန်းနစ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အီလက်ထရွန်းနစ် ကိရိယာများ အီလက်ထရွန်းနစ်ကိရိယာများအား အမျိုးမျိုးသော အလုပ်တို့ကို ပြီးမြောက်စေရန် အတွက် အသုံးပြုသည်။ အီလက်ထရွန်းနစ်ပတ်လမ်းများအား အဓိက အသုံးချသောနေရာမှာ သတင်းအချက်အလက် များကို ထိန်းချုပ်ခြင်း၊ ပုံဖော်ခြင်း၊ ဖြန့်ဝေခြင်းနှင့် လျှပ်စစ်စွမ်းအား ဖြန့်ဝေခြင်းနှင့် ပုံစံပြောင်းလဲခြင်းတို့ အတွက်ဖြစ်သည်။ အီလက်ထရွန်းနစ် စမ်းသပ်ကိရိယာများ အမ်မီတာ (Ammeter) - (ဥပမာ ဂါဗနိုမီတာ) လျှပ်စီးအားကို တိုင်းတာသည်။ အုမ်းမီတာ (Ohmmeter) - (ဥပမာ ဝိစတုန်း ဘရစ်ချ်) ခုခံအားကို တိုင်းတာသည်။ ဗို့မီတာ (Voltmeter) - ဗို့အားကိုတိုင်းတာသည်။ မာလ်တီမီတာ (Multimeter) - အထက်ပါအရာအားလုံးကို တိုင်းတာသည်။ အော်ဆီလိုစကုပ် (Oscilloscope) - ခုခံအားမှအပ အချိန်နှင့်အမျှပြောင်းလဲနေသော အထက်ပါအရာအားလုံးကို တိုင်းတာသည်။ လောဂျစ်ခွဲခြမ်းစိတ်ဖြာကိရိယာ (Logic Analyzer) - ဒီဂျစ်တယ် ပတ်လမ်းများကို စမ်းသပ်ရာတွင် အသုံးပြုသည်။ ဖြာထွက်ရောင်ခြည်ခွဲခြမ်းစိတ်ဖြာကိရိယာ (Spectrum Analyzer)(SA) - အချက်ပြလှိုင်းများမှ ဖြာထွက်ရောင်ခြည်၏ စွမ်းအင်ကို တိုင်းတာရာတွင် အသုံးပြုသည်။ ဗက်တာခွဲခြမ်းစိတ်ဖြာကိရိယာ (Vector Analyzer) (VA) - ဖြာထွက်ရောင်ခြည်ခွဲခြမ်းစိတ်ဖြာကိရိယာ နှင့်ပုံစံတူသည်။ သို့သော် ဗက်တာခွဲခြမ်းစိတ်ဖြာကိရိယာသည် ဒီဂျစ်တယ် အချက်ပြလှိုင်းများကို ပြန်လည်ပုံဖော်ခြင်း (Demodulation) လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်သည်။ အီလက်ထရိုမီတာ (Electrometer) - ဓာတ်အားကို တိုင်းတာရာတွင် အသုံးပြုသည်။ ကြိမ်နှုန်းရေတွက်စက် (Frequency Counter)- ကြိမ်နှုန်းကို တိုင်းတာရာတွင် အသုံးပြုသည်။ (Time-Domain Reflectometer)- ရှည်လျားသော ဝိုင်ယာကြိုးများ ကောင်းမွန်မှု ရှိမရှိကို တိုင်းတာရာတွင် အသုံးပြုသည်။ အီလက်ထရွန်းနစ် အစိတ်အပိုင်းများ အီလက်ထရွန်းနစ် အစိတ်အပိုင်းများ အီလက်ထရွန်းနစ်ကိရိယာများနှင့် ပတ်လမ်းများ အင်နာလော့ ပတ်လမ်းများ အင်နာလော့ ကွန်ပြူတာ (Analog Computer) အင်နာလော့ မာတီပလိုင်ယာ (Analog Multipliers) အီလက်ထရွန်းနစ် အင်ပလီဖိုင်ယာ (Electronic Amplifiers) အီလက်ထရွန်းနစ် ဖစ်တာ (Electronic Filters) အီလက်ထရွန်းနစ် အော်ဆီလေတာ (Electronic Oscillator) Phase-locked ပတ်လမ်း (Phase-locked Loops) အီလက်ထရွန်းနစ် မစ်ဆာ (Electronic Mixers) ပါဝါပြောင်းလဲခြင်း (Power Conversion) အီလက်ထရွန်းနစ် ပါဝါဆပ်ပလိုင်း (Electronic Power Supply) အင်ပီးဒင့် တွဲဖက်ကိရိယာ (Impedance Matcher) အော်ပရေရှင်နယ် အင်ပလီဖိုင်ယာ (Operational Amplifiers) ကွန်ပယ်ရေတာ (Compartors) အီလက်ထရွန်းနစ် ဆိုင်ရာ သိကောင်းစရာ အီလက်ထရွန်းနစ်ဟု ဆိုရာ၌ အီလက်ထရွန်များ၏ ပြုမူပုံ အကြောင်းကို ဆိုလိုခြင်း ဖြစ်၏။ အထူးသဖြင့် အီလက်ထရွန် များ ဖြတ်သန်းသွားရာ၌ ပြုမူပုံအကြောင်းနှင့် ထိုသို့ ပြုမူနိုင် ရန် စီမံထားသောကိရိယာ အကြောင်းတို့ ပါဝင်သည်။ ထို့ပြင် အနီအောက်ရောင်ခြည်၊ ခရမ်းလွန် ရောင်ခြည် စသည့် ဓာတ် ရောင်ခြည်များအပေါ်တွင် အခြေခံထား၍ ပြုလုပ်သောကိရိယာများ၏ အကြောင်းလည်း ပါဝင်လေသည်။ အီလက်ထရွန်သည် အလင်း၏အသွားနှုန်းအတိုင်း တစ် စက္ကန့်လျှင် ၁၈၆ဝဝဝ မိုင်ခန့် သွားနိုင်သည်။ အီလက်ထရွန်း နစ်ကိရိယာသည် ပကတိမျက်စိဖြင့် ကြည့်ရန်မတတ်နိုင်သော ရုပ်ခြည်းဖြစ်ပျက်သည့် အဖြစ် အပျက်များကို မှတ်သားကြည့်ရှု နိုင်ရုံမက၊ လူတို့၏မျက်စိဖြင့်လည်းကောင်း၊ လက်ဖြင့်လည်း ကောင်း၊ ရေတွက်၍ မရနိုင်သော အလုပ်များကို ရေတွက်ခြင်း၊ ရွေးကောက်ခြင်း စသည်တို့ကို အံ့ဩဖွယ် ရေတွက်ခြင်း၊ ရွေးကောက်နိုင်စွမ်း ရှိပေသည်။ ထိုသို့ ပြုလုပ်ရာ၌ လူထက် ပို၍ တိကျမှန်ကန်ပြီးလျှင် ပို၍ လျင်မြန်သည်ကိုလည်း တွေ့ရပေသည်။ အီလက်ထရွန်းနစ် ကိရိယာများကို စက်ရုံများတွင် အသုံး ပြုခြင်းဖြင့် လူ့မျက်စိဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မမြင်နိုင် မစမ်းသပ်နို်င်သော စက်၏ချို့ယွင်းချက်များကို ချက်ချင်း သိနိုင်ပေသည်။ စက်မှုလုပ်ငန်းတွင် ဖြစ်သော အနည်းငယ် ပြောင်းလဲချက်ကလေးကိုပင် မှတ်သားယူနိုင်ပေ သည်။ မကြာသေးမီက တီထွင်လိုက်သော ဖိုတိုအီလက်ထရစ် ဆဲ(အလင်းလျှပ်စစ်အိမ်)ခေါ် အီလက်ထရွန်းနစ်ကိရိယာသည် စက်မှုလက်မှုလုပ်ငန်းတွင် အထူးအသုံးဝင်၍ အရေးပါအရာ ရောက်သော ကိရိယာဖြစ်သည်။ ဖိုတိုအီလက် ထရစ်ဆဲသည် ပုံသဏ္ဌာန်နှင့် အရွယ်အစားတို့ကို စစ်ဆေးရန်နှင့် ရေတွက်ရန်အတွက် အသုံးဝင်၏။ ဖိုတို အီလ်ထရစ်ဆဲကို ရေတွက်ရန် အတွက် အသုံးပြုပုံမှာ ထိုကိရိယာကို ရေတွက်သော မီတာနှင့် ဆက်သွယ် ပြီးနောက် ဖိုတိုအီလက်ထရစ်ဆဲ အပေါ်သို့ အလင်းတန်းကျစေသည်။ ထိုသို့ အလင်းတန်းကျနေသည့် အခါတွင် လျှပ်စစ်ဆာကစ်သည် ပွင့်၍နေသည်။ ထိုအလင်း တန်းကို ထောင့်မတ်ကျဖြတ်၍သွားသော ခါးပတ် ပေါ်တွင် သယ်ဆောင်သော ပစ္စည်းများကို ထား၏။ အလင်းတန်းသည် ခါးပတ်ပေါ်တွင် ပါလာသမျှပစ္စည်းတို့၏ အဖြတ်ကို အကြိမ် ကြိမ်ခံရသည်။ ထိုသို့ အဖြတ်ခံရတိုင်း ဖိုတိုအီလက်ထရစ်ဆဲ အပေါ်သို့ တစ်ဆက်တည်း အလင်းရောင်မကျနိုင်တော့ဘဲ ပြတ်တောင်းပြတ်တောင်းသာ ကျနိုင်ပေသည်။ ဖိုတို အီလက် ထရစ်ဆဲရှိ လျှပ်စစ်ဆာကစ်သည် အလင်းတန်း အဖြတ်ခံရတိုင်း ပိတ်၍သွားပြီးလျှင် ရေတွက်သည့် မီတာသည်လည်း ကလစ် ဟူသော အသံမြည်၍ အရေအတွက်ကို မှတ်သားလိုက်သည်။ ထိုကြောင့် ပစ္စည်း များသည် အလင်းတန်းကို ဖြတ်သွားတိုင်း ဆဲအပေါ်သို့ အရိပ်ကျကာ ဆာကစ်သည် ပိတ်သွား၍ ပစ္စည်း ၏အရေအတွက်ကို အလိုအလျောက် ရေတွက်ပြီးသား ရရှိ လေသည်။ အလင်းလျှပ်စစ်အိမ် စက်ဖြင့် အထည်ချောကိုလုပ်ရာ၌ ထိုအထည်သည် လိုအပ်သော အရွယ်အစားနှင့် ပုံသဏ္ဌာန်အရ ညီမညီ ကို စစ်ဆေးကြည့်ရှုရန် စက်ရုံများတွင် ဖိုတိုအီလက်ထရစ်ဆဲကို အသုံးပြုသည်။ ဖိုတိုအီလက်ထရစ်ဆဲသည် မျက်စိ၊ လက် တို့ဖြင့် စမ်းသပ်စစ်ဆေးကြည့်ခြင်းထက် ပို၍မှန်ကန် တိကျ သည့်အပြင်၊ မှားယွင်းသည့် နေရာကိုလည်း ချက်ချင်း သိနိုင် ပေသည်။ စက်မှုလက်မှုလုပ်ငန်းများတွင် အရေးကြီးသော ရေတွက်ခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်သည့် ဖိုတိုအီလက်ထရစ်ဆဲမှာ ပလာပြွန်အတွင်း၌ အီလက် ထရွန်များကို အသုံးပြုသည့်ကိရိယာဖြစ်၏။ ပလာပြွန်ထဲတွင် အီလက်ထရုတ်ကို ထည့်ထား၏။ ထိုအီလက် ထရုတ်ကို ဆီဇီယမ်ကဲ့သို့သော ပစ္စည်းမျိုးဖြင့် သုတ်လိမ်းထားသည်။ ဆီဇီယမ်သည် အလင်းရောင်ရှိလျှင် အီလက်ထရွန်များကို ထိုးထွက်သွားစေနိုင်သော သတ္တိရှိသည့်ပစ္စည်းမျိုးဖြစ်သည်။ အီလက်ထရွန်များ၏ လှုပ်ရှားမှုမှရရှိသည့် သေးငယ်သော လျှပ်စစ်ဓာတ်စီးအားကို အခြားပြွန်တစ်ခုခုတွင် အားပိုများစေရန် ပြုလုပ် ယူသည်။ ယင်းသို့ ပြုလုပ်ထားသော ဖိုတိုအီလက် ထရစ်ဆဲကို အချက်ပေးကိရိယာ အမျိုးမျိုးအဖြစ်ဖြင့် အသုံးပြု နိုင်ပေသည်။ ဆိုင်ကြီးများ၊ ဘဏ်တိုက်ကြီးများနှင့် အရေးကြီးသော နေရာများ၌ ဖိုတိုအီလက်ထရစ်ဆဲလို ခိုးသားများ၏ ဘေးမှ ကြိုတင်သိရှိကာကွယ်နိုင်ရန် လည်းကောင်း၊ အသက်အန္တရာယ် ဖြစ်စေမည့် အရာများမှ ကြိုတင် ကာကွယ်နိုင်ရန်လည်းကောင်း တပ်ဆင်ထားကြသည်။ အီလက်ထရွန်းနစ် နည်းများသည် ဆေးနှင့်ကျန်းမာရေးတို့ တွင်လည်း အသုံးဝင်၏။ ယခုခေတ် ဆရာဝန်သည် လူနာ၏ ကိုယ်တွင်းရှိ ချွတ်ယွင်းချက်များကို တွေ့ရှိနိုင်ရုံမက၊ အီလက် တြိုကာဒီယိုဂရပ် ခေါ် အီလက်ထရွန်းနစ် ကိရိယာကို အသုံး ပြုခြင်းဖြင့် နှလုံးခုန်ခြင်းကို အသေးစိတ် စစ်ဆေးနိုင်ပြီ ဖြစ်သည်။ မကြာမီ ဆေးဘက်ဌာနများတွင် အသုံးပြုလာနိုင်စရာ အကြောင်းရှိသော အီလက်ထရွန်းနစ် ကိရိယာတစ်မျိုးမှာ အီလက်တြိုအင်ဆက်ဖာလိုဂရပ် ဖြစ်သည်။ အတိုကောက် အားဖြင့် အီး၊ အီး၊ ဂျီ ဟုခေါ်၏။ ထိုအီလက်တြိုအင်ဆက်ဖာ လိုဂရပ် ကိရိယာသည် လျှပ်စစ်ဓာတ်ကို ပြန်လှန်တွန်းကန် သည့် ဦးနှောက်အား၏ ပြောင်းလဲချက်များကို မှတ်သားနိုင် သော ကိရိယာဖြစ်သည်။ အီလက်တြိုအင်ဆက်ဖာလိုဂရပ်သည် စိတ်နှင့်သက်ဆိုင်၍ ဖြစ်ပေါ်သော နှောက်ရှက်မှုများအတွက် ဦးနှောက်ကို စစ်ဆေး ရန် အသုံးဝင်၏။ ထို့ပြင် ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေး၌ ထွက်ဆိုချက် မှန်မမှန် ကို စစ်ဆေးရန်အတွက်လည်း အသုံးဝင် သေးသည်။ ထိုကိရိယာကို စိတ်လှုပ်ရှားမှုတိုင်း ကိရိယာ ဟုလည်း ခေါ်နိုင်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်လောက်မှ စ၍ ကူးစက်တတ်သောရောဂါကာကွယ်သည့် နေရာတွင် အီလက်ထရွန်းနစ် ကိရိယာများကို အသုံးပြုလာနိုင်ခဲ့၏။ ထိုကိရိယာတို့ကို ကိုယ်ပေါ်ရှိ အစိတ်အပိုင်း အမျိုးမျိုးပေါ်တွင် တင်၍ အလင်းရောင်ခြည် ကျရောက်စေကာ၊ ဝေဒနာများကို ပျောက်ကင်းစေနိုင်ပေသည်။ အိမ်များတွင်လည်း ခြင်၊ ယင်နှင့် ဖုန်တို့မှ ကင်းရန်အတွက် အီလက်ထရွန်းနစ် ကိရိယာများကို အသုံးချနိုင်သည်။ အီလက် ထရွန်းနစ် ကိရိယာကို ဖုန်များကင်းစေရန်အတွက် အသုံးပြု ပုံမှာ ဤသို့ဖြစ်၏။ ဆန့်ကျင် ဘက် ဓာတ်အားရှိသော အမှုန် များသည် တစ်ခုကိုတစ်ခုဆွဲငင်သော သတ္တိရှိကြ၏။ အထူး သီးသန့် ပြုလုပ် ထားသော ပလာပြွန်အတွင်းမှ အီလက်ထရွန် တို့သည် လေထဲ၌လွင့်နေသာ ဖုန်များဆီသို့ သေးငယ်သော လျှပ်စစ် ဓာတ်အားတို့ကို သယ်ဆောင်သွားကြ၏။ တစ်နေရာ တွင် လေထဲက ဖုန်များတွင် ရှိသော လျှပ်စစ်ဓာတ်အားနှင့် ဆန့်ကျင်ဘက်ဓာတ်အားရှိသော သတ္တုပြားတစ်ခုကို တပ်ဆင် ထားသည်။ ဖုန်များရှိ ဓာတ်အားသည် သတ္တုပြားရှိဓာတ်အား၏ ဆွဲငင်မှုကို ခံရ၍ ဖုန်များသည် အောက်သို့ပြန်ကျခွင့်မရဘဲ သတ္တုပြားရှိရာသို့ ပြေးကပ်ကြသည်။ ဖုန်များကိုသာ ကင်းစင် အောင် ပြုလုပ်နိုင်သည်မဟုတ်၊ မီးဖိုခန်းမှ မလိုလားအပ်သော မီးခိုးမှိုင်းများကိုလည်း ကင်းစင်အောင် ထိုနည်းတူ ပြုလုပ်နိုင် ပေသည်။ ဖုန်စု အီလက်ထရွန်းနစ် ကိရိယာကို အိမ်နံရံ၊ သို့မဟုတ် မျက်နှာကြက်တွင် တပ်ဆင်ထားခြင်းဖြင့် ဖုန်နှင့် မီးခိုးတို့ကို စုယူ၍ ကင်းစင်သွားအောင် ပြုလုပ်နိုင်ပေသည်။ အိမ်များ၊ စက်ရုံအလုပ်ရုံများ စသည်တို့တွင် ဖုန်စု အီလက် ထရွန်းနစ်ကိရိယာကို အသုံးပြုလျှင် တံမြက်လှည်းခများ သက်သာမည့်အပြင် ဖုန်လည်း အစဉ်ကင်း၍ နေမည်ဖြစ်သည်။ ယခုခေတ်တွင် လျှပ်စစ်ဓာတ်မီးလုံးများအစား လျှပ်စစ် ဓာတ်မီးချောင်းများကို ကုန်တိုက်ကြီးများ၊ ပျော်ပွဲရုံများနှင့် ရုံးများ၊ အိမ်များတွင် သုံးနေကြပေပြီ။ ထိုဓာတ်မီးချောင်းကို ဖလူအိုရက်ဆင့် ဓာတ်မီးဟုခေါ်သည်။ ရိုးရိုးဓာတ်မီးလုံးတွင် အလင်းဖြစ်ပေါ်ပုံနှင့် ဓာတ်မီးချောင်းတွင် အလင်းဖြစ်ပေါ်ပုံမှာ မတူပေ။ ဓာတ်မီးလုံး တွင်အလင်းဖြစ်ပေါ်လာသည်မှာ ဝိုင်ယာ မျှင်ကို အလင်းရောင် ထွက်လာအောင် လျှပ်စစ်ဓာတ်ဖြင့် အပူတိုက် ပေးသောကြောင့် ဖြစ်ပေါ်သည်။ ဓာတ်မီးချောင်းတွင် အလင်းဖြစ်ပေါ်သည်မှာ ဓာတ်ရည်သုတ် အကာပေါ်တွင် အီလက်ထရွန်များကို တိုက်ခိုက်စေသောကြောင့် ဖြစ်ပေါ်သည်။ ဇင့်ဆီလီကိတ်၊ ကယ်လဆီယမ်တန်စတိတ်နှင့် ကက်ဒမီယမ် ဗိုရိတ် စသည့်ဓာတ်တို့ဖြင့် ပြွန်ကို သုတ်ထားခြင်းဖြင့် အလင်း ရောင် အမျိုးမျိုးကို ထွက်စေနိုင် လေသည်။ ဖလူအိုရက်ဆင့် ဓာတ်မီးသည် လျှပ်စစ်ဓာတ်စွမ်းအင်ကို အနည်းငယ်သာ ကုန် စေသောကြောင့် စရိတ်အကုန်အကျ အထူးသက်သာသည်။ ပြွန်၏ အလျားတစ်လျှောက်မှ တညီတညာတည်း ထွက်လာ သော အလင်းသည် အရိပ်ကို အထူးမှိန်စွာ ကျစေ၍ မျက်စိကို အေးစေသည်။ ခွဲစိတ်ကုသသည့် အခန်းများတွင် ဖလူအိုရက် ဆင့်ဓာတ်မီးလုံးကို အသုံးပြု၍ အရိပ်လုံးဝမထင်အောင် ပြုလုပ်နိုင်လေသည်။ အီလက်ထရွန်းနစ် ကိရိယာများသည် စက်မှုလက်မှုလုပ်ငန်း ဘက်တွင် အထူးအသုံးဝင်၏။ စားကုန် လုပ်ငန်းတွင် အပူ ဓာတ်ပေးရန်အတွက် အီလက်ထရွန်းနစ် ကိရိယာများကို အသုံးပြုကြသည်။ အီလက်ထရွန်း နစ် မီးဖိုတွင် သတ္တုပြား နှစ်ချပ်ရှိ၍ ထိုသတ္တုပြားတို့တွင် လိုအပ်သလောက် တုန်ကြိမ် များသော လျှပ်စစ် ဓာတ်စီးကို သွင်းထားသည်။ ထိုလျှပ်စစ် ဓာတ်စီးကို အီလက်ထရွန်းနစ်ကိရိယာဖြင့် ဖြစ်ပေါ်စေရန် ထိုကိရိယာ ဖြင့်ပင် အုပ်ထိန်းထားသည်။ ချက်ယူပုံမှာ အစာကို သတ္တုပြား နှစ်ချပ်အကြားတွင်ထားကာ ထိုအစာထဲသို့ လျှပ်စစ် ဓာတ် အပူလိုသလို သွင်းပေး၍ ချက်ယူသည်။ ထိုသို့ ချက်ယူ ခြင်းသည် အပူဓာတ်ကို ညီညာစွာ ဖြစ်စေနိုင်သည့်အပြင်၊ လိုသလို အပူဓာတ်ကို ထိန်း၍ ပေးနိုင်သဖြင့် ဟင်းအကျက်မှာ ညီညာပေသည်။ ပေါင်မုံ့၊ ကာဖီစေ့နှင့် ကကေးအိုးစေ့များကို ဖုတ်ခြင်း၊ လှော်ခြင်းပြုရန်အတွက်လည်း အီလက်ထရွန်းနစ် မီးဖိုများသည် အထူးပင် သင့်လျော်ပေသည်။ အီလက်ထရွန်းနစ်မီးဖိုတွင် လျှပ်စစ်ဓာတ်မီးဖိုထက် ပို၍ ကောင်းသော အချက်များ ရှိ၏။ ထိုအချက်များမှာ လျှပ်စစ် ဓာတ်အား အကုန်နည်းခြင်း၊ အစာကျက်လွယ်ခြင်း အစာ၏ အရသာမပျက်ဘဲ ရေငွေ့ကို ထုတ်ပစ် နိုင်ခြင်းစသည်တို့ ဖြစ်သည်။ သို့ရာတွင် အီလက်ထရွန်းနစ် မီးဖိုသည် လျှပ်စစ် ဓာတ် မီးဖိုထက် အတပ်ဆင်ရ ရှုပ်ထွေးပြီးလျှင်၊ တန်ဖိုးမှာ လည်း မနည်းလှသောကြောင့် တော်ရုံနှင့်အိမ်သုံးပစ္စည်း ဖြစ်နိုင်မည် မဟုတ်ပေ။ စက်ရုံများတွင် သတ္တုဆက်ရန်အတွက် တုန်ကြိမ်များသောလျှပ်စစ်ဓာတ်စီးကို ပေးနိုင်သည့်အီလက်ထရွန်း နစ်ဂျင်နရေ တာကို အသုံးများလာကြပေပြီ။ အီလက်ထရွန်းနစ် ဂျင်နရေ တာဖြင့် သတ္တုဆက်ရာတွင် အလဟဿ ကုန်ဆုံးသော အပူနှင့် အလင်းမှာ အလွန်နည်းပါးသည်။ သတ္တုများကို ဆက်မည့်နေရာ နှင့် တစ်လက်မဝေးသောနေရာမှ နေ၍ လက်ဖြင့်ကိုင်တွယ် ထားနိုင်ပေသည်၊ တုန်ကြိမ်များသော လျှပ်စစ်ဓာတ်စီးဖြင့် အပူကို သတ္တုအတွင်း၌ ဖြစ်ပေါ်စေနိုင်၍ ထိုအပူကို နေရာ ကျဉ်းကျဉ်းတစ်နေရာတည်း၌သာ ကန့်သတ်၍ ပေးထားနိုင် ပေသည်။ တုန်ကြိမ်များသော လျှပ်စစ်ဓာတ်စီးဖြင့် အပူကို သတ္တုအတွင်းရှိ မော်လီကျူးတစ်ခုနှင့် တစ်ခုကို ထိခိုက် စေခြင်းဖြင့် အလွန်ပြင်းသော အပူကို ဖြစ်ပေါ်စေသည်။ အီလက်ထရွန်းနစ်နည်းဖြင့် သတ္တု ဆက်ခြင်းသည် စစ်အတွင်း က လေယာဉ်ပျံ ဆောက်လုပ်ရေးတွင် အထူးအရေးပါ အရာ ရောက်ခဲ့၏။ အလွန်ပါးသော အလျူမီနီယမ် သတ္တုပြားများကို ဆက်ရာတွင် သတ္တုပြားများကို မလောင်ကျွမ်းစေပဲ ဆက်ယူ နိုင်ခဲ့လေသည်။ ပလတ်စတစ်အမျှင်များကို ဆက်သည့် အီလက် ထရွန်းနစ်ကိရိယာတစ်မျိုးလည်း ရှိသေးသည်။ ထိုကိရိယာသည် ဆက်ရာမထင်ဘဲ တသားတည်းကျအောင် ဆက်နိုင်သော ကြောင့် ဆေးတံဆေးထည့် အိတ်ကလေးများ၊ မိုးကာ အင်္ကျီ စသည့် ပလတ်စတစ်ထည်များကို ချုပ်လုပ်ရာ၌ များစွာ အသုံးဝင်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက လျှို့ဝှက်စွာ အသုံးပြုခဲ့သော ရေဒါသည်လည်း အီလက်ထရွန်းနစ် ကိရိယာပင် ဖြစ်သည်။ နောက်ဆုံးတိုးတက်တီထွင်သော အီလက်ထရွန်းနစ် ကိရိယာ တစ်ခုမှာ အီလက်ထရွန် မိုက္ကရိုစကုပ် ဖြစ်၏။ အီလက်ထရွန် မိုက္ကရိုစကုပ်ကြောင့် ရှေးက သာမန် အနီးကြည့်မှန်ဘီလူးဖြင့် ကြည့်၍ မမြင်ရသော ပိုးမွှားနှင့် ဗက်တီးရီးယားတို့ကို ယခု အခါ မြင်လာနိုင်ပြီဖြစ်သည်။ အီလက်ထရွန် မိုက္ကရိုစကုပ်ဖြင့် ယခုအခါ အဆပေါင်း ၅ဝဝဝဝ နှင့် ၁ဝဝဝဝဝ အထိ အကြီး ချဲ့နိုင်ပြီဖြစ်၏။ အီလက်ထရွန် မိုက္ကရိုစကုပ်သည် အလင်းတန်း အစား အီလက်ထရွန်တန်းကို အသုံးပြုသည်။ မိုက္ကရိုစကုပ်မှာ ကဲ့သို့ပင် အီလက်ထရွန်တန်း များကို စုဆုံအောင်လည်း ကောင်း၊ ယိုင်သွားအောင်လည်းကောင်း ပြုလုပ်နိုင်ပေသည်။ အသုံးပြုသော မှန်ဘီလူးများမှာမူ သာမန် မိုက္ကရိုစကုပ်မှာကဲ့သို့ ဖန်မဟုတ်ပဲ၊ သံလိုက်များဖြစ်သည်။ အီလက်ထရွန်တန်းသည် ကြည့်သောအရာဝတ္ထု ပေါ်သို့ကျသောအခါ အီလက်ထရွန် အချို့သည် ရပ်နေကြပြီးလျှင်၊ အချို့ကား ဖြတ်ကျော်သွားကြ ၏။ ထိုကဲ့သို့ အရာဝတ္ထု၏ အရိပ်ထင်စေခြင်းကို သာမန် မျက်စိဖြင့် ကြည့်၍ မမြင်နိုင်ပေ။ မြင်နိုင်ရန် အီလက်ထရွန် တန်းကို ဓာတ်ရည်ဖြင့် စီမံထားသောကားချပ်ပေါ်သို့ ကျရောက် စေရ၏။ အီလက်ထရွန်တို့သည် တစ်ခုနှင့်တစ်ခု ထိခိုက်ကြရာမှ အလင်းရောင်ကို တစ်ခဏမျှ ထွက်ပေါ်လာစေ၏။ ထိုအခါ သာမန်မျက်စိဖြင့်ကြည့်လျှင် အရာဝတ္ထု၏ အရိပ်ကို မြင်နိုင်ပေ သည်။ အီလက်ထရွန် မိုက္ကရိုစကုပ် ပြုမူပုံ သဘောအတိုင်း ပြုလုပ် ထားသော အခြား အီလက်ထရွန်းနစ်ကိရိယာမှာ အီလက်ထရွန်း နစ် ဓာတ်ခွဲကိရိယာဖြစ်သည်။ ထိုကိရိယာသည် ဓာတုဗေဒ ဆရာများအား များစွာ အကူ အညီပေးနိုင်ပေသည်။ ထိုကိရိယာ ဖြင့် အလွန်ရှုပ်ထွေးစွာ ပေါင်းစပ်နေသော ဓာတ်ငွေ့များကို ခွဲ ထုတ်ယူနိုင် သည်။ ကျွမ်းကျင်သော ဓာတုဗေဒဆရာတစ်စု ဓာတ်ခွဲရာ၌ ၁၅ နာရီခန့်ကြာသော အလုပ်ကို ထိုကိရိယာက ၁၅ မိနစ်ခန့်အတွင်း ပြီးစီးအောင် လုပ်နိုင်သည်။ အီလက် ထရွန်းနစ်ဓာတ်ခွဲကိရိယာကို စပက်တြိုမီတာဟု လည်းခေါ် သည်။ အမှန်အားဖြင့် အီလက်ထရွန်းနစ် သိပ္ပံပညာရပ်သည် စက်မှုလက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အိမ်မှုရေးရာလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများ စသည် တို့တွင် အထူးအသုံးဝင်၍ အကျိုးထူးများကို ပေးစွမ်းနိုင် သည်။ အနာဂတ်ကာလတွင် အီလက်ထရွန်းနစ်ကိရိယာ အများအပြား အသုံးချလာ နိုင်လျှင် လုပ်အား၊ အချိန်၊ ကုန်ကျ စရိတ်တို့သည် အံ့ဩဘွယ် သက်သာခွင့် ရရှိလာမည်မှာ အမှန် ပင် ဖြစ်လေသည်။ ကိုးကား နည်းပညာ အီလက်ထရွန်းနစ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AE%E1%80%9C%E1%80%80%E1%80%BA%E1%80%91%E1%80%9B%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA
ပထဝီဝင်
ပထဝီဝင် ဆိုသည်မှာ ကမ္ဘာမြေ နှင့်တကွသော အစိတ်အပိုင်းများ၊ ဆက်စပ် မှီတင်းသောအရာများ နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို လေ့လာသော ဘာသာရပ်တခုဖြစ်သည်။ ကမ္ဘာမြေ၏ အစိတ်အပိုင်း (ရူပ ပထဝီဝင်) ဆိုရာ၌ တိုက်ကြီးများ၊ ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်၊ ချောင်းများ နှင့် တောင်များ စသည်တို့ကို ဆိုလိုသည်။ ဆက်စပ်မှီတင်းသောအရာများမှာ သက်ရှိများ ဖြစ်သော လူ တိရစ္ဆာန်များ သစ်ပင် စသည်များကို ဆိုလိုပြီး၊ သဘာဝပတ်ဝန်းကျင် ဆိုရာတွင် မိုးလေဝသ၊ လေမုန်တိုင်းများ၊ ဒီရေ၊ ငလျင် အစရှိသော သဘာဝဘေးအန္တရာယ် အကြောင်းအရာများ ပါဝင်သည်။ ပထဝီဝင်ဘာသာရပ် ပညာရှင် တဦးသည် ပတ်ဝန်းကျင်ရှိ အရာများ၊ အကြောင်းအရာများ နှင့် ပတ်သက်၍ မည်သို့ စတင်ဖြစ်ပေါ်သည်၊ မည်သို့ ဆက်လက် ပြောင်းလဲ ဖြစ်ပေါ်သည် တို့ကို အမြဲမပြတ် လေ့လာသုံးသပ်သည်။ ပထဝီဝင်ဘာသာရပ်သည် သဘာဝသိပ္ပံ ဘာသာရပ် (Ecology)၊ နှင့် လေ့လာမှုနယ်ပယ် တူညီမှုများ ရှိသော်လည်း မတူ ကွဲပြားခြားနားသည်။ သဘာဝသိပ္ပံပညာရှင်များက အနာဂတ် ဖြစ်ရပ်များအပေါ် ခန့်မှန်း တွက်ချက်မှုများ ပြုနေစဉ်တွင် ပထဝီဝင်ပညာရှင်များက မည်သို့ စတင်ကာ မည်သို့ ပြောင်းလဲဖြစ်ပေါ်လာကြောင်းကို ဖြေရှင်းနိုင်ရန် စူးစမ်းရှာဖွေကြသည်။ သဘာဝ သိပ္ပံပညာရှင်များသည်လည်း ၎င်းတို့၏ ခန့်မှန်း တွက်ချက်မှုများအတွက် ပထဝီဝင် ပညာရှင်များကဲ့သို့ လေ့လာကြရသည်။ ပထဝီဝင် (Geography) သည် ဂရိဘာသာစကား (gêeo= Earth) + (graphein = to write) မှ ဆင်းသက်လာသော စကားဖြစ်သည်။ မြန်မာမှု ပြုထားသော ပထဝီဝင်ဆိုသည်မှာ (ပထဝီ(ပါဠိ) = မြေ သို့မဟုတ် ကမ္ဘာ) + (ဝင်= ဝံသ(ပါဠိ)=အကြောင်းအရာ) ဟူသော စကားမှ ဆင်းသက်သည်။ ပထဝီဝင်ဟူသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်အကြောင်းကို အထူးဂရုပြု၍ လေ့လာသော သိပ္ပံပညာဖြစ်သည်။ ကမ္ဘာ မျက်နှာပြင်အကြောင်းကို လေ့လာရာ၌ ပထဝီပညာရှင်သည် ကမ္ဘာပေါ်ရှိ အရပ်ဒေသ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားပုံများကို စူးစမ်းရှာဖွေ၍၊ အကျိုးအကြောင်းနှင့် ရှင်းလင်းဖော်ပြသည်။ ဤကမ္ဘာ့ မျက်နှာပြင်ကို ကြည့်ရှုရာ၌ မြေပြင်တစ်ခုတည်းကို သာမက၊ ယင်းအပေါ်တွင် တည်ရှိနေသော ပါးလွှာသော လေထုနှင့် ယင်းအောက်တွင် တည်ရှိနေသော ရေထုတို့ကိုပါ ထည့်သွင်း၍ ကြည့်ရှုသည်။ ယင်းသည့် လေထု၊ မြေထု၊ ရေထုတို့ တွေ့ဆုံရာ ရပ်ဝန်းအတွင်း၌သာ သက်ရှိသက်မဲ့တို့ “ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ” ဆိုသကဲ့သို့၊ တစ်ခုနှစ်တစ်ခု အမှီပြု လျက် ဆက်သွယ်ကာ တည်ရှိနေကြသည်။ ဤကဲ့သို့ ပုံစံ အမျိုးမျိုးဖြင့် ပေါင်းစပ် တည်ရှိနေကြခြင်းကြောင့်လည်း ကမ္ဘာမျက်နှာပြင်တွင် မြေပြင်လက္ခဏာ အမျိုးမျိုး ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ ခေတ်သစ်ပထဝီဝင်၏ အဓိက ရည်ရွယ် ချက်မှာ ကမ္ဘာ့မျက်နှာပြင် တစ်စိတ်တစ်ဒေသတော် သို့မဟုတ် တစ်ခုလုံးတွင်သော်လည်းကောင်း ဖြစ်ပေါ်တည်ရှိနေသော အကြောင်း ချင်းရာ အမျိုးမျိုးတို့ကို စုပေါင်း လေ့လာရန်ဖြစ်သည်။ ထိုကြောင့် ပထဝီဝင်သည် ကမ္ဘာပေါ်ရှိ အရပ်ဒေအသီးသီးတွင် မည်ကဲ့သို့ အသွင်အပြင်ရှိသည်၊ အရပ်ဒေသ တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ခြားနားသည်။ သို့မဟုတ် ဆင်တူသည်၊ အဘယ် ကြောင့် ဤကဲ့သို့ ဖြစ်ကြရသည် အစရှိသည်တို့ကို လေ့လာ ပေသည်။ ကမ္ဘာပေါ် သက်ရှိသက်မဲ့တို့၏ တစ်ခုနှစ်တစ်ခု ဆက်သွယ်လျက် တည်ရှိနေကြ၏။ ပုံစံပြရသော် ငါးသည် သက်ရှိသတ္တဝါ ဖြစ်သော်လည်း၊ အသက်မရှိသော ရေ၌သာ တည်နေနိုင်သည်။ ထို့အတူ အသက် ရှိသော သစ်ပင်သည် အသက်မရှိသော မြေဆီလွှာ၌သာ ကြီးပွားရှင်သန်နိုင်သည်။ ငါးကို ရေမှ ထုတ်ယူ လိုက်လျှင်သော်လည်းကောင်း၊ သစ်ပင်ကို မြေမှ ထုတ်ယူလိုက်လျှင်သော်လည်းကောင်း မကြာမီ သေကျေပျက်စီးသွားလိမ့် မည်။ ဤအကြောင်းကို ထောက်ရှုခြင်းဖြင့် သက်မဲ့တို့သည် သက်ရှိတို့အတွက် များစွာအရေးကြီးကြောင်းကို သိရှိရသည်။ သဘာဝပထဝီသည် လူနှင့်သက်ရှိသတ္တဝါတို့၏ နေထိုင် စားသောက်ရေးကို များစွာပြုပြင် ဖန်တီးပေးနိုင်သည်။ လူနှင့်သက်ရှိသတ္တဝါတို့ကလည်း မိမိတို့ကိုယ်ကို သဘာဝ ပတ်ဝန်းကျင်အခြေအနေများနှင့် ကိုက်ညီအောင် ပြုပြင်၍ နေထိုင်လုပ်ကိုင်စားသောက်လာကြသည်။ ထိုကြောင့် ပထဝီဝင်ကို လေ့လာရာ၌ သဘာဝပထဝီနှင့် သက်ရှိတို့၏ အကြောင်းကိုသာမက၊ ယင်းတို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ် နေပုံကိုလည်း လေ့လာရသည်။ သက်ရှိတို့သည် သဘာဝပတ်ဝန်းကျင်အခြေအနေ၏ ပြုပြင်ဖန်တီးမှုကြောင့် ပြောင်းလဲလာကြရသည်။ ထိုနည်းအတူ သဘာဝပတ်ဝန်းကျင် အခြေအနေတို့သည်လည်း လူ၊ တိရစ္ဆာန်၊ သစ်ပင်တို့၏ ပြုပြင်မှုကြောင့် ပြောင်းလဲလာကြသည်။ ရှေးအခါက သက်ရှိတို့သည် သဘာဝပထဝီ၏ ပြုပြင်မှု အတိုင်း လိုက်နာခဲ့ကြရသည်။ ပုံစံအားဖြင့် ရေခဲခေတ်အတွင်း၌ ဝင်ရိုးစွန်းအရပ်မှ ဆင်းသက်လာသော ရေခဲပြင်ကြီးများ၏ ဒဏ်ကြောင့် နေရာ အများအပြား၌ သက်ရှိပေါင်းများစွာ ကွယ်ပျောက်ကုန်ကြသည်သာမက၊ လူနှင့် တိရစ္ဆာန်များစွာ တို့သည် ပူနွေးသော အီကွေတာဘက်ရှိ အရပ်တို့သို့ စုရုံးခိုလှုံခဲ့ကြရလသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် လည်း သက်ရှိများ သေကျေပျက်စီးကြရလေသည်။ ပုံစံအားဖြင့် ရာသီဥတု ခြောက်သွေ့လာခြင်းကြောင့် မြောက်အမေရိကတိုက်ရှိ သက်ရှိများ အများအပြားပျက်စီးခဲ့ကြရသည်။ နိုင်းမြစ်ဝှမ်းနှင့် အိုးအေးစစ် အရပ်ကဲ့သို့ ရေကို အလွယ်တကူ ရနိုင်သော နေရာများသို့ ပြောင်းရွှေ့နေနိုင်သော လူနှင့် တိရစ္ဆာန်များ လောက်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။ မပြောင်းရွှေ့နိုင်သော သစ်ပင်များနှင့် လျင်မြန်စွာ မပြေးလွှား နိုင်သော သတ္တဝါများသည် ကမ္ဘာ့အခြေအနေလျင်မြန်စွာ ပြောင်းလဲတိုင်း ပျက်စီးကြရသည်။ အသိပညာ တိုးပွား၍ ယဉ်ကျေးလာသောအခါများ၌ပင်လျှင် လူတို့သည် သဘာဝ၏ ပြုပြင်စီမံမှုကို များစွာခံနေကြရသေး သည်။ သဘာဝအကြောင်းကို အနည်းငယ်သိနားလည်၍ ထိန်းကြပ်လာနိုင်သောအခါ ကျမှသာလျှင် လူသည် မိမိတို့ ကိုယ်ကို ပတ်ဝန်းကျင်အခြေအနေများနှင့် ဆီလျော်အောင် ပြုပြင်၍ နေထိုင်လာတတ်ကြသည်။ အီဂျစ်လူမျိုးတို့သည် ခြောက်သွေ့သော လယ်ယာများတွင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် အတွက် နိုင်းမြစ်မှရေကို ရေမြောင်းများဖြင့် သွယ်ယူ၍ အသုံးပြုခဲ့ကြသည်။ ဤသို့လျှင် လူတို့သည် မိမိတို့ကိုယ်ကို သဘာဝပတ်ဝန်းကျင်နှင့် ဆီလျော်အောင် ပြုပြင်၍ နေထိုင် ကြရသောကြောင့် ကျွန်ုပ်တို့သည် သဘာဝပထဝီအကြောင်းကို မသိရှိပါက၊ လူတို့၏ နေထိုင် လုပ်ကိုင်စားသောက်ကြပုံ၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ကြပုံ၊ တစ်ဦးနှင့် တစ်ဦး စစ်ဖြစ်ကြပုံ၊ မိတ်ဖွဲ့ကြပုံမှအစ ယင်းတို့၏ ယဉ်ကျေးမှုနှင့် လက်မှုစက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာကြပုံများကို သိနားလည်ရန် ခဲယဉ်းပေလိမ့်မည်။ ကျွန်ုပ်တို့သည် ပထဝီကိုသိပါက တစ်ခုသောဒေသ၌ တစ်ခုသော ကာလအပိုင်းအခြားအတွင်း လူတို့ မည်ကဲ့သို့ နေထိုင် လုပ်ကိုင်စားသောက်ကြသည်။ စီမံအုပ်ချုပ်ကြသည်။ စသည်တို့ကို ခန့်မှန်းကြည့်နိုင်ကြ ပေသည်။ ပုံစံအားဖြင့် နိုင်းမြစ်ဝှမ်းကဲ့သို့ ကျယ်ပြန့်သော လွင့်ပြင်၍ သူပုန်များ ခိုအောင်းရန် နေရာမရှိ ခြင်းကြောင့် လျင်မြန်စွာ ရွှေ့ပြောင်း သွားလာနိုင်သော စစ်တပ်အနည်းငယ်ဖြင့်ပင် အလွယ်တကူ ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ရာ ထိုဒေသမျိုးတွင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သော အစိုးရမျိုး ပေါ်ပေါက် ထွန်းကားနိုင်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။ ထိုနည်းတူ စွာပင် တောတောင်ထူထပ်သော ဂရိနိုင်ငံ၊ စကော့တလန်ပြည်၊ အာဖဂနိစတန်နိုင်ငံ စသည်တို့၌ နေထိုင်ကြသည့် ရှေးကျသော တောင်ပေါ်သားများအဖို့ လွတ်လပ်စွာ နေထိုင်လိုသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်ပွားများလာရန် အခွင့်ကောင်း ရရှိခဲ့ကြ မည်ကိုလည်း ခန့်မှန်းကြည့်နိုင်ပေ သည်။ ဤအကြောင်းများကို ထောက်ပြီးလျှင် ပထဝီဝင်သည် လူတို့၏စိတ်ဓာတ်ကို ပြုပြင်ပေးသည်ဟုကား တထစ်ကျ မယူဆထိုက်ပေ။ အကြောင်းမူကား၊ မည်သည့်နေရာ၌မဆို အာဏာရှင်စံနစ်ကို မုန်းတီးသော စိတ်ဓာတ်များ ပေါ်ပေါက် လာနိုင်သောကြောင့် ဖြစ်ပေသည်။ သို့ရာတွင် ရှေးနှစ်ပေါင်း များစွာကမူ တောင်တန်းများသည် တောင်ပေါ်သားတို့အား လွတ်လပ်စွာနှင့် ဖျတ်လတ်စွာ နေထိုင်နိုင်အောင် ဖန်တီးပေးခဲ့ ကြလေသည်။ ယခုအခါမူကား သဘာဝပတ်ဝန်းကျင် အခြေအနေတို့သည် လူတို့၏ နေထိုင်လုပ်ကိုင်မှုကို ရှေးအခါ ကလောက် ပြုပြင် မပေးနိုင်ကြတော့ချေ။ အစဉ်အလာအားဖြင့် သဘာဝ အခြေအနေတို့သည် ဆိပ်ကမ်း တည်နေရာများကို သတ်မှတ် ပေးလေသည်။ သို့ရာတွင် ယခုခေတ်၌ လူတို့သည် လေယာဉ် ဆိပ်များကို မိမိတို့ အလိုရှိသောနေရာများ၌ ဆောက်လုပ်နိုင်ခဲ့ ကြပြီ။ ခြောက်သွေ့သော သဲကန္တာရအရပ်များ၌ပင်လျှင် ရေသွင်းယူ၍ စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကြပြီ။ ရာသီဥတု ကောင်းမွန်သောဒေသများ၌ အကယ်၍ မြေဆီလွှာ မကောင်း ပါက ကောင်းအောင် ပြုပြင်ပေးတတ်ကြပြီ။ သဘာဝပတ်ဝန်း ကျင်နှင့် လူတို့၏ နေထိုင်လုပ်ကိုင် စားသောက်မှုတို့သည် ယခင်ကကဲ့သို့ပင် တစ်ခုနှင့်တစ်ခုဆက်လက်၍ ဆက်စပ်တည်ရှိ နေကြသော်ငြားလည်း၊ တစ်ကြိမ်တစ်ခါက သဘာဝတရား၏ ပြုပြင်မှုကို တသွေမတိမ်းလိုက်နာခဲ့ကြရသော လူတို့သည် အသိပညာတိုးပွားလာသည်နှင့်အမျှ၊ သဘာဝပတ်ဝန်းကျင်ကို တဖြည်းဖြည်း စိုးမိုးပြုပြင်၍ နေထိုင်လာနိုင်ခဲ့ကြလေသည်။ ဤကဲ့သို့ လူတို့က သဘာဝပတ်ဝန်းကျင်ကို များစွာ ပြုပြင် ပြောင်းလဲလာနိုင်ခဲ့ခြင်းကြောင့်လည်း၊ ပထဝီဝင်သည် လူတို့အဖို့ ယခင်ကလောက် အရေးမကြီးတော့ဟုထင်မြင်လာကြ လေသည်။ သဘာဝတရားကို ပြုပြင်နိုင်သော လူတို့၏ စွမ်းရည်ကို ချီးကျူးထိုက်သည်မှန်ပါ၏။ သို့ရာတွင် ငလျင်လှုပ် ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း စသည်တို့သည် နှစ်ပေါင်း များစွာက တည်ဆောက်လာခဲ့သော အိုးအိမ်တိုက်တာများ၊ လုပ်ငန်းဆောင်တာများနှင့်တကွ လူ့အသက်ပေါင်း အများ အပြားကိုပင်လျှင် တစ်ခဏချင်း ပျက်စီးစေနိုင်ပေသည်။ ထို့ပြင် ခြောက်သွေ့သော ကန္တာရအရပ်၊ အလွန်ဧမြသော တန်ဒြာအရပ်၊ ပူအိုက်စိုစွတ်သော အီကွေတာ သစ်တော အရပ်တို့တွင် လူတို့ သည် သဘာဝအခြေအနေကို ပြုပြင်၍ နေထိုင်နိုင်ကြသည်ဟု ဆိုသော်လည်း၊ လေမရှိသော လဗိမာန်တွင်မူကား ကြာရှည်စွာ နေနိုင်မည် မဟုတ်ချေ။ ထိုကြောင့် ပတ်ဝန်းကျင် အခြေအနေ များကို လူတို့သည် မည်မျှလောက်ပင် ပြုပြင်ပြောင်းလဲနိုင်ကြ သည်ဆိုစေကာမူ၊ ပထဝီဝင်သည် လူ့လုပ်ငန်းဆောင်တာများကို အစဉ် ထာဝရ သတ်မှတ်ပေးနေပေလိမ့်ဦးမည် ဖြစ်ပေသည်။ ပထဝီဝင် ဗဟုသုတ တိုးပွားလာပုံ လူတို့ အရပ်တစ်ပါးသို့ စတင်ခရီးထွက်သည့်အချိန်မှ စ၍၊ ပထဝီဝင် ဗဟုသုတ တိုးပွားလာခဲ့သည်။ ကမ်းခြေအနီးတွင် နေထိုင်သော လူရိုင်းတို့သည် တောင်ပေါ်အရပ်သို့ သွားရောက် ၍၊ တောင်ပေါ်မုဆိုးများ ထံမှ သားရေများကို ယင်းတို့ ယူဆောင်သွားသော ဆားများဖြင့် လဲလှယ်ခဲ့ကြသည်။ ဤကဲ့သို့ သွားရောက် လည်ပတ်ခြင်းဖြင့်၊ မိမိတို့နှင့် နေပုံ ထိုင်ပုံ စရိုက် သဘာဝချင်း မတူသော သူများ၏အကြောင်းကို သိရှိလာကြသည်။ ဤနည်းဖြင့် လူတို့၏ ပထဝီဝင် ဗဟုသုတ တဖြည်းဖြည်း တိုးပွားလာခဲ့လေသည်။ ဂရိလူမျိုးတို့သည် ပထဝီဝင်ကို ပထမဆုံး စတင်လေ့လာ သူများ ဖြစ်ကြသည်။ မိမိတို့နေထိုင်သော တိုင်းပြည်အနီးရှိ ပင်လယ်ကမ်းရိုးတန်းများကို သိရှိ၍၊ မြေပုံများဖြင့် မှတ်သားခဲ့ ကြသည်။ မြေထဲပင်လယ်ကို ရွက်လှေကြီးများဖြင့် ဖြတ်သန်း၍၊ အာဖရိကတိုက် အတွင်းသို့ ကုန်းကြောင်းခရီးဖြင့် ဝင်ရောက်ခဲ့ ကြသည်။ ဂရိ ပထဝီပညာရှင် အာရတိုးစသနီးဆိုသူက ကမ္ဘာ သည် အဝန်းမိုင် ၂၅ဝဝဝဝ ရှိသည်ဟု ဘီစီ ၂၀ဝ လောက်က ပင် တွက်ချက်တင်ပြခဲ့သည်။ ထိုဂရိလူမျိုးတို့သည် အယ်လက် ဇန္ဒာဘုရင်ကြီးလက်ထက်၌ အိန္ဒိယမြောက်ပိုင်း အိန္ဒုလွင်ပြင် သို့ပင် ရောက်ရှိခဲ့ကြလေသည်။ အီဂျစ်လူမျိုးနှင့် ဖီနီရှန် လူမျိုး တို့သည် ဂရိလူမျိုးတို့ထက်အလျင် ကုန်းလမ်း၊ ရေလမ်းခရီးဖြင့် နယ်ချဲ့ခဲ့ကြသည် မှန်၏။ သို့ရာတွင် ဂရိလူမျိုးတို့ကသာ လူအများ၏ နေထိုင်လုပ်ကိုင် စားသောက်မှု ကွဲပြားခြားနား ပုံကို သိလိုကြသောကြောင့်၊ မိမိတို့ တွေ့မြင်သမျှကို ရေးယူ မှတ်သားခဲ့ကြသည်။ ဤအချက်ကြောင့်ပင် ထိုဂရိလူမျိုးတို့ကို ပထမဆုံး ပထဝီပညာရှင်များဟု ကျွန်ုပ်တို့ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ရောမလူမျိုးတို့သည် မြေပုံကို အများဆုံး စတင် အသုံးပြုကြသူများ ဖြစ်သည်။ ယင်းတို့သည် ပင်လယ်နှင့် မြို့များ၏ အကွာအဝေးကို တိုင်းတာပြီးလျှင် မြေပုံတွင် တိကျ မှန်ကန်စွာ ထည့်သွင်းပေးခဲ့ကြလေသည်။ ဂရိလူမျိုး ပထဝီပညာရှင် စတြားဗိုး (၆၄ ဘီစီ-၂၀ အေဒီ) ရေးသားခဲ့သော စာမူအားလုံးသည် ထိုအချိန် အခါက သိရှိခဲ့ သော ကမ္ဘာအကြောင်းကို ဖော်ပြထားခြင်းကြောင့် အစိုးရ အရာရှိများ၊ စစ်သေနာပတိများအတွက် များစွာ အသုံးဝင်လေ သည်။ တော်လမီ (၁၂၇-၁၅၁ အေဒီ) သည် ဂရိပထဝီဝင် ပညာရှင်များ စုပေါင်း ရေးသားခဲ့သည်။ မြေပုံများကိုလည်း လတ္တီတွဒ်၊ လောင်ဂျီတွဒ် မျဉ်းများဖြင့် ရေးဆွဲနိုင်ရန် အားထုတ်ခဲ့သည်။ ပထဝီဝင်ကိုလေ့လာရာ၌ တစ်ကမ္ဘာလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း၊ ဒေသတခုခုကို သော်လည်းကောင်း ခွဲခြား၍ လေ့လာနိုင်ကြောင်းကို တော်လမီက စတင် ဖော်ပြခဲ့သည်။ ဤကဲ့သို့ ဂရိနှင့်ရောမလူမျိုးတို့ စတင်ရှာဖွေစုဆောင်းခဲ့ သော ပထဝီဝင် ဗဟုသုတများသည် အလယ်ခေတ်ဦးပိုင်း လောက်တွင် များစွာပျောက်ကွယ်ဆုံးရှုံးခဲ့ကြသည်။ ထိုအချိန် အခါ၌ အာရေဗျနှင့် အာဖရိက မြောက်ပိုင်းရှိ အာရပ်လူမျိုး တို့ကသာလျှင် ပထဝီဝင်ကို အတော်အတန် လေ့လာခဲ့ကြသည်။ အာရပ် လူမျိုး တို့သည် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ အာဖရိက အရှေ့ ကမ်းခြေအရပ်များကို ရောက်အောင် ကူးသန်းရောင်းဝယ် ခဲ့ကြသောကြောင့် ၁၀ ရာစုနှစ် မတိုင်မီကပင် အိန္ဒိယ သမုဒ္ဒရာနှင့် အာဖရိက အတွင်းပိုင်းအကြောင်းများကို အတော် အတန် သိရှိခဲ့ကြသည်။ ကမ္ဘာလုံးသည့်အကြောင်းကို ဂရိ လူမျိုးတို့ နည်းတူ သိရှိခဲ့ကြသည်။ အာရပ် ပထဝီပညာရှင်တို့သည် ဂရိနှင့် ရောမလူမျိုးများ ရေးသားခဲ့သော ပထဝီဝင်ကို ဆက်လက် လေ့လာပြီးလျှင်၊ မိမိတို့ ရရှိထားနှင့်သော ဗဟုသုတများနှင့် ပေါင်းစပ် လေ့လာ ကြလေသည်။ သဘာဝ ပထဝီဝင်နှင့် သမိုင်းပထဝီဝင်ကို အထူးဂရုပြု၍ လေ့လာသော်လည်း မြေပုံကို ဆွဲအတတ်ကိုမူ မကျွမ်းကျင်နိုင်ကြပေ။ ထိုအချိန်အခါမှစ၍ ဥရောပအနောက်ပိုင်းသားများ တဖြည်းဖြည်း ခရီးထွက်ခဲ့ကြသည်။ အချို့သည် ခရစ်တော် ဖွားမြင်ရာ ပါလက်စတိုင်းပြည်သို့ သွားရောက်ပြီးလျှင် မိမိ တို့၏ ခရီးစဉ်ကို မြေပုံများဖြင့် မှတ်သားထားခဲ့ကြသည်။ ၁၂၇၁ ခုနှစ်တွင် မာကိုပိုလိုသည် ကသေးခေါ် တရုတ်ပြည်သို့ ကုန်းကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။ မာကိုပိုလိုအကြောင်း ရေးသားထားသော စာအုပ်တွင် မာကိုပိုလို၏ မှတ်သားလောက် သော စွန့်စားခန်းများကို အကျဉ်းသားမိတ်ဆွေတဦးက ရေးသားဖော်ပြထားလေသည်။ ဤစာအုပ်တွင် ပါရှိသော အကြောင်းအရာ အများအပြားသည် ပထဝီဝင်အကြောင်းများ ဖြစ်ခြင်းကြောင့်၊ ယင်းကို ပထဝီဝင် စာအုပ်ဟု ခေါ်ဆိုထိုက် သည်။ ၁၄ ရာစုနှစ်သို့ ရောက်သည့်တိုင်အောင်ပင် ဥရောပ တိုက်သားတို့၏ ပထဝီဝင် ဗဟုသုတသည် အလွန်နည်းသေး သည်။ ထိုအချိန်အခါအထိ ကမ္ဘာ့ရေမျက်နှာပြင်၏ ၇ ရာခိုင်နှုန်းလောက်ကိုသာ သိရှိကြ သေးသည်။ ၁၄ ရာစုနှစ်နှင့် ၁၅ ရာစုနှစ်လောက်တွင် ပေါ်တူဂီနှင့် စပိန် လူမျိုးတို့သည် သမုဒ္ဒရာကြီးများကို စတင်၍ ဖြတ်သန်း လှည့်လည်ခဲ့ကြသည်။ ဗက်စကိုဒါဂါးမသည် ၁၄၈၉ ခုနှစ်တွင် အာဖရိကတိုက်ကို ပတ်၍ အိန္ဒိယပြည်သို့ရောက်ရှိခဲ့သည်။ ကိုလံဘတ်သည် အမေရိကတိုက်ကို၁၄၉၂ ခုနှစ်တွင် စတင်တွေ့ရှိလေသည်။ ထိုသူတို့ နောက်တွင် အင်္ဂလိပ်၊ ဒပ်ချ်နှင့် ပြင်သစ်လူမျိုး တို့သည် ပင်လယ်ခရီးဖြင့် စတင်နယ်ချဲ့လာခဲ့ကြသည်။ ပေါ်တူဂီလူမျိုး မာဂျဲလင်ဆိုသူသည် ကမ္ဘာကို ရေလမ်းခရီးဖြင့် လှည့်ပတ်ရန် ဦးဆောင်ထွက်ခဲ့သော်လည်း လမ်းခရီးတွင် အသတ်ခံရသည်။ များမကြာမီ အင်္ဂလိပ်လူမျိုး ဆာဖရန်းစစ်ဒရိတ်သည် ကမ္ဘာကို ရေလမ်းခရီးဖြင့် လှည့်လည် ခဲ့လေသည်။ နှစ်ပေါင်း ၁၀ဝ အတွင်း၌ပင် ဥရောပတိုက်သားတို့သည် ကျန်ရှိနေသော ကမ္ဘာ့ ရေမျက်နှာပြင် ၉၃ ရာခိုင်နှုန်းကို သိရှိလာကြလေသည်။ ဥရောပတိုက်သားတို့သည် အာရေဗျပြည်ကို ၁၉၀ဝ ပြည့်နှစ် ကျော်မှ လုံးလုံးလျားလျား သိရှိလာပြီးလျှင်၊ အာဖရိက အလယ်ပိုင်းကိုမူကား မကြာမီကမှ ကောင်းစွာ သိရှိခဲ့ကြလေသည်။ အန္တာတိကတိုက်ကြီး၏ပထဝီဝင်ကို ၁၉၄၀ ပြည့် နှစ်ကျော်မှ သိရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ လူသူအရောက်အပေါက်နည်းသော နေရာများ၏ ပထဝီဝင် ဗဟုသုတကိုပိုမိုသိရှိခဲ့ကြသည်။ ယခုအခါ၌မူ တောင်ကြီးများအကြားတွင် ကွယ်ပျောက်နေသော ချိုင့်ဝှမ်းများ၊ လူသူများနှင့် တကွ အလွန်ဝေးလံသော တောင်ကြီး တောကြီးများကိုပင် လေယာဉ်ပျံဖြင့် ဓာတ်ပုံရိုက်ယူ ပြီးလျှင် မြေပုံများပေါ်၌ ထင်ရှားစွာ ပြသနိုင်ပြီ ဖြစ်ခြင်းကြောင့် ပထဝီပညာရှင်တို့သည် ကမ္ဘာ့မြေပုံသစ်ကိုပင် ထုတ်လုပ်နိုင်ခဲ့လေပြီ။ ပထဝီဝင်၏ သဘောတရား ၁၈ ရာစုနှစ်နောက်ပိုင်းသို့ မရောက်မီ ပထဝီဝင်ကို နည်း ၂ နည်းဖြင့် လေ့လာခဲ့ကြသည်။ တစ်နည်းမှာ တော်လမီ၊ မာကေတာတို့ ပြုလုပ်သကဲ့သို့ ကမ္ဘာ၏ ပုံပန်းသဏ္ဌာန်နှင့် အရွယ်ပမာဏကို လေ့လာခြင်းဖြစ်၍၊ အခြားတစ်နည်းမှာ စတြားဗိုး၊ မန်းစတာတို့ ပြုလုပ်သကဲ့သို့ တိုင်းပြည်နှင့် အရပ် ဒေသများ၏ မှတ်သား လောက်သော အကြောင်းအရာတို့ကို လေ့လာခြင်းဖြစ်သည်။ ပထမလေ့လာနည်းကို မြေပုံဆွဲ အတတ်လေ့လာသူ များက ဆက်လက် ကျင့်သုံးခဲ့ကြသည်။ ဒုတိယနည်းမှာမူကား ပထဝီဝင်၏ အဓိကလုပ်ငန်းအဖြစ်ဖြင့် ဆက်လက်တည်ရှိလာခဲ့လေသည်။ ဂျာမနီပြည်တွင် ၁၈ ရာစုနှစ်နောက်ပိုင်းလောက်၌ ပေါ်ပေါက်ခဲ့သော ဟမ်းဗို့နှင့် ရစ်တာတို့ လက်ထက်မှစ၍ ပထဝီဝင်အခြေခံသဘောတရားမှာ လုံးဝပြောင်းလဲလာခဲ့ လေသည်။ ထိုပညာရှင် ၂ ဦး လက်ထက်မှစ၍ ထွန်းကား ခဲ့သော ပထဝီဝင်၏ အဓိကရည်ရွယ်ချက်မှာ သီးခြားတည်ရှိ နေသော ဒေသများ၏ အချင်းအရာများ တစ်ခုနှင့်တစ်ခု ဆက်စပ်တည်ရှိနေကြပုံ၊ စုပေါင်းဖြစ်ပေါ်ကြပုံ၊ ကမ္ဘာပေါ်ရှိ ဒေသများ တစ်ခုနှင့်တစ်ခု တူညီကြပုံ၊ ကွဲပြားခြားနားကြပုံ စသည်တို့ကို အကျိုးအကြောင်းနှင့်တကွ သိရှိနားလည်အောင် လေ့လာခြင်းဖြစ်သည်။ ထိုအချိန်အခါမှစ၍ ပထဝီဝင်သည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ အထင်ဖြင့် ရော်ရမ်းမှန်းဆ၍ လေ့လာသောပညာ မဟုတ်တော့ဘဲ၊ ပြင်ပတွင် တကယ်ဖြစ်ပေါ် နေသော အခြင်းအရာတို့ကို ကိုယ်တွေ့မျက်မြင် ကြည့်ရှုလေ့လာ သော ပညာတစ်ရပ်အဖြစ်ဖြင့် ထွန်းကားလာခဲ့လေသည်။ ယင်းကဲ့သို့ ကွင်းဆင်းလေ့လာချက်များကို မြေပုံတွင် မှတ်သား ထည့်သွင်းခြင်းဖြင့် ပထဝီဝင်သည် ယခင်ကထက် တိကျ မှန်ကန်လာခဲ့သည်။ ဟမ်းဗို့သည် ပထဝီဝင်ကို လေ့လာရာ၌ တွေ့ရှိရသော အခြင်းအရာများကို တခုစီခွဲခြား၍ စနစ်တကျ လေ့လာနည်းဟု ခေါ်သည်။ ရစ်တာကမူကား၊ ဒေသတခုတွင် ဖြစ်ပေါ်နေသော အချင်းအရာ များကို တသီးတခြားစီ မလေ့ လာဘဲ၊ ယင်းတို့အားလုံးကိုခြုံ၍ တခုနှင့်တခု အပြန်အလှန် ဆက်စပ်တည်ရှိနေပုံကို လေ့လာသည်။ ဤကဲ့သို့သော လေ့လာ နည်းမျိုးကို ဒေသအလိုက်လေ့လာနည်းဟု ခေါ်သည်။ စင်စစ် အားဖြင့် ထိုပညာရှင် နှစ်ဦးသည် နှစ်နည်းစလုံးဖြင့်ပင် လေ့လာခဲ့ကြပေ၏။ အထူးအလေးဂရုပြုပုံ၌သာ ကွာခြါးကြ သည်။ ခေတ်မှီ ပညာရှင်တို့ကလည်း ဤကဲ့သို့ အကြောင်း အရာအလိုက် လေ့လာနည်း၊ ဒေသအလိုက် လေ့လာနည်းဟူ၍ မခွဲခြါးဘဲ၊ ထိုနည်း ၂ မျိုးကို ပေါင်းစပ်၍ လေ့လာရန် လိုအပ် သည်ဟု အသိအမှတ်ပြုကြသည်။ ၁၉ ရာစုနှစ် အလယ်လောက်မှစ၍ကား၊ ပထဝီဝင်သည် အရပ်ဒေသများ၏အကြောင်းကို ဗဟုသုတ အဖြစ်လောက်သာ ဖော်ပြသည့် ပညာတစ်ရပ်အနေဖြင့် မတည်ရှိတော့ဘဲ၊ ဆောင်ရွက်ရန် ရည်မှန်းထားသည့် ကိစ္စတစ်ခုခုနှင့် သက်ဆိုင် သော အကြောင်းအရာများကို စံနစ်တကျ ဖွဲ့စည်းလေ့လာသော ပညာတစ်ရပ် အဖြစ်ဖြင့် ထွန်းကားလာခဲ့လေသည်။ ပထဝီဝင်ကို လူကြီးများသာမက ကလေးများပင် စိတ်ပါ ဝင်စားစွာဖြင့် လေ့လာနိုင်ကြသည်။ ဤအကြောင်းကြောင့်ပင် ပထဝီကို မူလတန်းကျောင်းများမှစ၍ တက္ကသိုလ်များအထိ ဘာသာတစ်ရပ်အဖြစ်ဖြင့် ဆက်လက် သင်ကြား လေ့လာကြ ခြင်း ဖြစ်သည်။ ပထဝီဝင် အမျိုးမျိုးရှိ၏။ မူလတန်းနှင့် မူလတန်းလွန် ကျောင်းများတွင် သင်ကြားရသော ပထဝီဝင်သည် အများ အားဖြင့် ကမ္ဘာအရပ်ရပ်၌ မြေပြင်လက္ခဏာများ မည်ကဲ့သို့ တည်ရှိကြပုံ၊ လူတို့ မည်ကဲ့သို့ နေထိုင် လုပ်ကိုင်စားသောက် ကြပုံ စသည်တို့ကို အကျိုးအကြောင်းနှင့် လေ့လာသည်။ ပိုမို အဆင့်အတန်း မြင့်လာသောအခါ ပထဝီဝင်ကို သဘာဝ ပထဝီဝင်၊ မနုဿ ပထဝီဝင်၊ စီးပွားရေးပထဝီဝင်၊ ဒေသန္တရ ပထဝီဝင် စသည်ဖြင့် ခွဲခြား၍ အသေးစိတ် လေ့လာကြသည်။ သို့ရာတွင် ယင်းတို့ အားလုံးသည် သဘာဝပထဝီနှင့် လူ၊ သစ်ပင်၊ တိရစ္ဆာန်တို့ ဆက်သွယ်တည်ရှိနေကြပုံ၊ တစ်ခုနှင့် တစ်ခု အားထားမှီခိုနေကြပုံ စသည်တို့ကို အဓိကထား၍ လေ့လာကြသည်ချည်းသာ ဖြစ်သည်။ ပထဝီဝင်၏ အစိတ်အပိုင်းများ ပထဝီဝင်သည် ကျယ်ဝန်းသော ပညာတစ်ရပ်ဖြစ်၍၊ လွယ်ကူစိမ့်သောငှါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သဘာဝ ပထဝီဝင်၊ မနုဿပထဝီဝင်စသည်ဖြင့် အစိတ် အပိုင်းများပြုလုပ်၍ ခွဲခြါးလေ့လာကြသည်။ ပုံစံအားဖြင့် သဘာဝပထဝီသည် သက်ရှိ သတ္တဝါတို့အပေါ် မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို အသေအချာကြည့်ရှု စစ်ဆေးခြင်းဖြင့် ပထဝီဝင်ကို လေ့လာကြသည်။ ဤကဲ့သို့ လေ့လာသော ပထဝီ ဝင်မျိုးကို သဘာဝ ပထဝီဝင်ဟု ခေါ်၏။ တစ်ဖန် အပြန် အလှန်အားဖြင့် သက်ရှိသတ္တဝါများနှင့် ယင်းတို့၏ အပြုအမူ များက သဘာဝပထဝီဝင်ကို မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို စူးစမ်းလေ့လာခြင်းဖြင့်လည်း ပထဝီဝင်ကို လေ့လာကြသည်။ ဤပထဝီဝင်မျိုးကို ဇီဝပထဝီဝင်ဟု ခေါ်၏။ သဘာဝပထဝီဝင် သဘာဝပထဝီဝင်ကို လေ့လာရာ၌ အချို့ပညာရှင်တို့သည် တောင်တန်းကြီး၊ ကုန်းပြင်မြင့်၊ လွင်ပြင် အစရှိသည့် ကုန်းမြေ လက္ခဏာများကို ဂရုစိုက်၍ လေ့လာကြသည်။ အချို့ကမူ သမုဒ္ဒရာကြီးများ၊ သို့မဟုတ် ရာသီဥတု၊ မိုးလေဝသ စသည် တို့ကို အသေးစိတ်၍ လေ့လာကြသည်။ အချို့ကလည်း ကမ္ဘာ ပေါ်ရှိ နေရာများကို အတိအကျမှတ်သားပြနိုင်ရန်လေ့လာကြ၏။ ယင်းသည့် အစိတ်အပိုင်းတစ်ခုစီသည် သိပ္ပံပညာရပ်များ အဖြစ်ဖြင့် သီးခြားတည်ရှိနေကြခြင်းကြောင့် ယင်းတို့တွင်လည်း သီးခြားအမည်များရှိကြ၏။ ဘူမိရုပ်သွင်ပညာသည် ကုန်းမြေ သဏ္ဌာန်များကို လေ့လာသောပညာရပ်ဖြစ်သည်။ တစ်နည်း အားဖြင့် ကမ္ဘာ့မျက်နှာပြင်အကြောင်းကို ဖော်ပြ၍၊ ယင်းတို့ စတင်ဖြစ်ပေါ်လာကြပုံ၊ ပြောင်းလဲလာခဲ့ကြပုံ စသည်တို့ကို ရှင်းလင်းဖော်ပြသော ပညာရပ်ဖြစ်သည်။ ဤအကြောင်းများကို ပေါက်မြောက်စွာ လေ့လာနိုင်ရန်အတွက် ကမ္ဘာပေါ်ရှိ ကျောက် များ၏အနေအထားနှင့် ဖွဲ့စည်းပုံကိုသာမက၊ မြေမျက်နှာပြင်ကို ပြုပြင်ပြောင်းလဲစေနိုင်သော ဥတု ချေဖျက်ခြင်း၊ တိုက်စားခြင်း၊ အပေါ်ယံမြေလွှာလှုပ်ရှားခြင်း၊ မီးတောင်လှုပ်ရှားခြင်း စသည် တို့ကိုပါ သိနားလည်ထားရန် လိုအပ်လှပေသည်။ ဤအချက် ကြောင့်ပင် ဘူမိရုပ်သွင်ပညာသည် ဘူမိဗေဒနှင့် များစွာ ဆက်စပ်နေသည်။ ဤပညာသည် တောင်ကြီးများ မြင့်တက် လာခဲ့ကြ ပုံ၊ လေ၊ ရေစီး၊ ရေခဲမြစ် စသည်တို့၏ တိုက်စား ခြင်းကြောင့်၊ ထိုတောင်ကြီးများ တဖြည်းဖြည်း ယိုးယွင် ပျက်စီးသွားကြရပုံများကို ဖော်ပြသည်။ ထို့ပြင် မြင့်မားသော တောင်များပေါ်မှ တိုက်စားချလိုက်သော မြေသားများ နိမ့်သော အရပ်များတွင် စုပုံခြင်းဖြင့် လွင့်ပြင်များ ဖြစ်ပေါ်လာကြပုံ၊ ပင်လယ်တွင်းသို့ စီးဝင်သော မြစ်များ ရေးစီး နှေးလာပြီးလျှင် မြစ်ညာမှ ယူဆောင်လာခဲ့သော အနည်များကို မြစ်ဝ၌ စုပုံ ချထားခြင်းကြောင့် မြစ်ဝကျွန်းပေါ်များဖြစ်လာကြပုံ စသည် တို့ကိုလည်း ရှင်းလင်းဖော်ပြသည်။ ဤကဲ့သို့ ကမ္ဘာ့ မျက်နှာပြင်ကို ပြောင်းလဲဖြစ်ပေါ်စေသော ဖြစ်စဉ်များကို လေ့လာခြင်းသည် ဘူမိရုပ်သွင်ပညာရှင်တို့၏ အဓိက လုပ်ငန်း ဖြစ်၏။ ဘာသာရပ်ခွဲများ ပထဝီဝင် ဘာသာရပ်တွင် ရူပ ပထဝီဝင် (Physical geography) နှင့် လူမှု ပထဝီဝင် (Human geography) ဟူ၍ ပင်မ ဘာသာရပ်ခွဲ ၂ ခု ခွဲခြားလေ့လာသည်။ ရူပ ပထဝီဝင် ရူပ ပထဝီဝင် ဘာသာရပ်သည် သဘာဝပတ်ဝန်းကျင် ရှိ မြေမျက်နှာသွင်ပြင်၊ ရေဆင်း၊ မြေအမျိုးစား၊ ကျောက်များ၊ ရာသီဥတု စသည်တို့ကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ လူမှု ပထဝီဝင် လူမှု ပထဝီဝင် ဘာသာရပ် လူ နှင့် လူ့ပတ်ဝန်းကျင်အကြောင်းကို လေ့လာသည်။ လူမှု ပထဝီဝင် ကို လေ့လာရာတွင် ဒေသ၊ နိုင်ငံတခု ၏ လူဦးရေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး … အစ ရှိသော အကြောင်းအရာများကို သာမက မြေအသုံးချမှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း စသည်များကိုပါ လေ့လာသည်။ မြေပုံများ မြေပုံများသည် ပထဝီဝင် အကြောင်းအရာများကို များစွာ ဖော်ပြထားနိုင်သဖြင့် ပထဝီဝင် ပညာရှင်များသည် မြေပုံ နှင့် ပတ်သက်သော အကြောင်းအရာများကို နားလည်ရန် လိုအပ်သည်။ ပထဝီဝင် ပညာရှင်များသည် မြေပုံပေါင်းများစွာကို ရေးဆွဲ အသုံးပြုကြသည်။ မှီငြမ်းကိုးကား ပင်မ အကြောင်းအရာ ဆောင်းပါးများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%91%E1%80%9D%E1%80%AE%E1%80%9D%E1%80%84%E1%80%BA
အာရှ
"အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီ(...TRUNCATED)
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE
မြန်မာ့အမျိုးသားခေါင်းဆောင်များ
"အောင်ဆန်း\n သခင်ကိုယ်တော်မှိုင်း\n အေ(...TRUNCATED)
"https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80(...TRUNCATED)
ရူပဗေဒ
"ရူပဗေဒ၏ အင်္ဂလိပ်စကားလုံး Physics သည် နှ(...TRUNCATED)
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B0%E1%80%95%E1%80%97%E1%80%B1%E1%80%92
သမိုင်း
"သမိုင်းဆိုသည်မှာ လူသားတို့၏ အတိတ်က(...TRUNCATED)
https://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ပုဂံခေတ်
"ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို(...TRUNCATED)
"https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%82%E1%80%B6%E1%80%81%E1%80%B1%E1%80%90%E1%80(...TRUNCATED)
တန္တရအယူဝါဒ
"တန္တရအယူဝါဒ () သည် အိန္ဒိယနိုင်ငံတွင(...TRUNCATED)
"https://my.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%B9%E1%80%90%E1%80%9B%E1%80%A1%E1%80%9A%E1%80(...TRUNCATED)
ကုန်းဘောင်ခေတ်
"ကုန်းဘောင်ခေတ်သည် မြန်မာတို့၏ နောက(...TRUNCATED)
"https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%98%E1%80%B1%E1%80(...TRUNCATED)
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
5